Lotto thai

lotto thai

Lotto thai – How to play ထိုင်းထီထိုးနည်း

Lotto thai ဆိုသည်မှာ အစိုးရထီထဲကတစ်ခုပါပဲ။ အဲ့ဒီထီကိုရောင်းချင်တဲ့သူတွေအတွက် ထိုင်းအစိုးရဆီက ခွင့်ပြုချက်အရင်သွားယူရပါတယ်။ လက်ရှိခေတ်မှာ လစဉ် ၁ ရက်နေ့နဲ့ ၁၆ ရက်နေ့ကို ထီထွက်နေ့ဟု သတ်မှတ်ထားပါတယ်။

ချွင်းချက်

၁ ရက်နေ့ ၁ လပိုင်းကိုကျတော့ နှစ်သစ်မကူးခင် ၃၀ ရက်နေ့ ၁၂ လပိုင်းမှာပဲ ထီထွက်သွားလိမ့်မယ်။

၁၆ ရက်နေ့ ၁ လပိုင်း ဆရာ/ဆရာမများနေ့ဖြစ်တဲ့အတွက် ၁၇ ရက်နေ့ ပြောင်းထွက်မယ်။

၁ ရက်နေ့ ၅ လပိုင်းဟာလည်း အလုပ်သမားနေ့မို့လို့ ၂ ရက်နေ့ ကို ရွှေ့ပြောင်းထားပါတယ်။

သတ်မှတ်ချက် : ၁ ရက်နေ့ ၆ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ်ကို ဥပုသ်ကြီးနေ့ဖြစ်တဲ့အတွက် ၂ ရက်နေ့ ရွှေ့ထားပါတယ်၊ ၁၆ ရက် ၈ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ်ကို ပုံမှန်အချိန်ကနေ မနက် ၁၁.၃၀ မှ နေ့ခင်း ၁ နာရီအထိ ပြောင်းထွက်တယ်။ ၁၆ ရက်နေ့ ၁၂ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ်ကို ဆရာတော် Phra Yannasamvara ရဲ့ တော်ဝင်မီးသင်္ဂြိုဟ်ခြင်းအခမ်းအနားရှိတဲ့အတွက် ၁၇ ရက်နေ့ကို ရွှေ့လိုက်ပါတယ်။ ၁ ရက်နေ့ ၃ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၆၁ ခုနှစ်ကို မခဘူချာနေ့မလို့ ၂ ရက်နေ့ကို ရွှေ့ထားပါတယ်။ ၁၆ ရက်နေ့ ၇ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၆၂ ခုနှစ်ကို ဥပုသ်ကြီးနေ့မလို့ ၁၅ ရက်နေ့ တစ်ရက် ကြိုထွက်ခိုင်းထားတယ်။ ၁၆ ရက်နေ့ ၂ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၆၂ ခုနှစ်ကို မာခဘူချာနေ့မလို့ ၁၇ ရက်နေ့ ပြောင်းထွက်ခဲ့ပါတယ်။

Lotto thai

လက်ရှိ ထီထုတ်ရုံးဟာ ထီစာရွက်တွေကို အတွဲ ၅၀ မှအထက် ထုတ်လုပ်ဖြန့်ဝေနေပါတယ်။ ထီးအတွဲနံပါတ် ၀၁-၅၀ အထိက ရိုးရိုးထီတွေဖြစ်ပြီး အတွဲ ၅၁-၁၀၀ ကျတော့ ပရဟိတထီတွေဖြစ်ပါတယ်။ အဲ့ဒီထီတွေရဲ့နံပါတ်ကတော့ အားလုံးပဲ တူနေကြတယ် ၀၀၀၀၀၀-၉၉၉၉၉၉။ (ဗုဒ္ဓသက္ကရာဇ် ၂၅၃၈ ခုနှစ်မတိုင်ခင် ဂဏန်း ၇ လုံးဖြစ်ပါတယ်။ ၀၀၀၀၀၀၀-၉၉၉၉၉၉၉။) ထီတစ်စောင်မှာ ၂ ရွက် တွဲပြီးထုတ်ထားပါတယ်။ အဲ့တော့ ထီတစ်စောင်ထဲနဲ့ ဂဏန်းချင်းတူနေတဲ့အတွက် ထီပေါက်တဲ့အခါမှာ ဆုကြေး ၂ဆ ရသွားပါတယ်။ ဒါပေမယ့် မိမိကိုင်ဆောင်ထားတဲ့ ထီစာရွက်က တစ်ရွက်ထဲပဲရှိပြီး ဆုပေါက်ရင်တော့ ဆုကြေး ၁ဆထဲပဲရလိမ့်မယ်။ ဒီ့အပြင် မိမိ ကိုင်ထားတဲ့ထီစာရွက်ထဲမှာ ဆုကြေးတစ်ခုထက် ပိုပေါက်ရင်လည်း ပေါက်တဲ့အတိုင်း ငွေရတတ်ပါတယ်။

၁ ရက်နေ့ ၈ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ်ကတည်းကစပြီး ပထမဆုကို အထူးဆုကြေး (ရှယ်ဆုကြီး) အစီစဉ်ပယ်ချပြီး ဆုကြေးပမာဏကို ဘတ် ၂ သန်းကနေ ၃ သန်းအထိ တိုးလိုက်ပါတယ်။

၁ ရက်နေ့ ၉ လပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ်ကတည်းကစပြီး နောက်ဆုံး ၃ လုံးပိတ် ၄ ဆုကို ပထမအရှေ့ဆုံး ၃ လုံး ၂ ဆု ပြောင်းသတ်မှတ်ပြီး နောက်ဆုံးပိတ် ဂဏန်း ၃ လုံးကိုလည်း ၂ ဆု ထဲပဲ ပြန်သတ်မှတ်ခဲ့ပါတယ်။

၁ ရက်နေ့ ၉ လ ပိုင်း ဗုဒ္ဓသက္ကရာဇ် ၂၅၆၀ ခုနှစ်ကတည်းကစပြီး ထီစာရွက်ကို တစ်စောင်မှာ ၂ ရွက်မထားတော့ပဲ တစ်စောင် တစ်ရွက်ပဲ ပြန်ပြောင်းလိုက်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ ၂ ရွက်ရှိတဲ့အတိုင်းပဲ ယူပါတယ်။

Lotto thai

ဂိမ်းပံပိုးသူများ

ShanKoeMe Casino